Skip to main content

မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြိမ်းသတ်မှုသရုပ်ပြလေ့ကျင့်ခြင်း (၂၀၂၄ ခုနှစ်)

Asian Just Co., Ltd. အထည်ချုပ်စက်ရုံတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေးသရုပ်ပြပွဲကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ ညနေ ၃ နာရီမှ ၄ နာရီအထိ ပြုလုပ်ခဲ့ပါသည်။

ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိများအား ဖိတ်ခေါ်၍ ဆောင်ရွက်ခဲ့ပါသည်။ မီးသတ်အရာရှိမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သိကောင်းစရာများကို ဦးစွာဟောပြောပို့ချပြီးနောက် မီးလောင်မှုဖြစ်ပွားလျှင် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်းလုပ်ငန်းများကိုလည်း သရုပ်ပြဆောင်ရွက်ခဲ့ပါသည်။

Fire Fighting Team အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအဖွဲ့ အဖွဲ့ဝင်များ၊ ကုန်ထုတ်လုပ်မှုဌာန ဝန်ထမ်းများနှင့် ခေါင်းဆောင်များ၊ WCC အလုပ်သမားကိုယ်စားလှယ်များ၊ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူများနှင့် အခြားဌာန တာဝန်ရှိသူများပါဝင်ခဲ့ကြပါတယ်။

နောက်ဆုံးမှာ Asian Just Co., Ltd. အထည်ချုပ်စက်ရုံ၏ Fire Fighting Team အဖွဲ့ဝင်များကလည်း မီးငြိမ်းသတ်ခြင်းလုပ်ငန်းများကို ကိုယ်တိုင်ပြုလုပ်လေ့ကျင့်ခဲ့ကြပြီး အသိညာပေး ဟောပြောပွဲနှင့် သရုပ်ပြအစီအစဥ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

Comments

Popular posts from this blog

ဝန်ထမ်းများအား ပုံမှန်ကျန်းမာရေး ဆေးစစ်ချက် ဆောင်ရွက်ပေး

Asian Just Co., Ltd. အထည်ချုပ်စက်ရုံတွင် ဝန်ထမ်းများအား ကျန်းမာရေး ဆေးစစ်ချက် ပြုလုပ်ပေးခြင်းကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် နံနက် ၁၀ နာရီမှ ညနေ (၄) နာရီ အထိ ပြုလုပ်ခဲ့သည်။ ယင်းအစီအစဥ်ကို မြုိ့နယ် လူမှုဖူလုံရေးအဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ လူမှုဖူလုံရေးအဖွဲ့ မိုဘိုင်းလ်ဆေးခန်းဘတ်စ်ကားသည် နံနက် ၁၀ နာရီခန့်တွင် Asian Just Co., Ltd. အထည်ချုပ်စက်ရုံသို့ ရောက်ရှိလာပြီး အလုပ်ဌာနအစုံမှ ဝန်ထမ်း ဦးရေ ၁၂၅၁ ဦးအား ကျန်းမာရေးဆေးစစ်ချက်များဆောင်ရွက်ခဲ့ ပါသည်။

WCC အလုပ်သမားကိုယ်စားလှယ်ရွေးကောက်ပွဲနှင့် WCC ဖွဲ့စည်းခြင်း

Asian Just Co., Ltd. အထည်ချုပ်စက်ရုံရဲ့ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (Workplace Coordination Committee - WCC) ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာ အောင်မြင်စွာ ဖွဲ့စည်းလိုက်ပါပြီ။ နိုဝင်ဘာလ ၉ ရက်နေ့မှာပဲ ပြုလုပ်ခဲ့တဲ့ WCC အလုပ်သမားကိုယ်စားလှယ် ရွေးကောက်ပွဲမှာ တက်တက်ကြွကြွမဲပေးခဲ့ကြတဲ့ စက်ရုံဝန်ထမ်းများ (လုပ်ဖော်ကိုင်ဖက်များ) အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း စက်ရုံ၏ စီမံခန့်ခွဲရေးဌာနမှ အသိအမှတ်ပြု ပြောကြား လိုပါတယ်။ Attendance Record အရ ဝန်ထမ်းဦးရေစုစုပေါင်း ၁၃၉၇ ဦးရှိတဲ့အထဲက ၁၃၅၅ ဦး (၉၇%) မဲပေးခဲ့ကြတာကြောင့် အောင်မြင်တဲ့ အလုပ်သမားကိုယ်စားလှယ်ရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။ မဲရလာဒ် တွေအရ - ဦးတေဇာမင်း က ၅၁၂ မဲနဲ့ အမှတ် (၁) WCC အလုပ်သမားကိုယ်စားလှယ် ဒေါ်ချိုသဲဦး က ၂၄၆ မဲနဲ့ အမှတ် (၂) WCC အလုပ်သမားကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး က ၁၇၃ မဲနဲ့ အမှတ် (၃) WCC အလုပ်သမားကိုယ်စားလှယ် ဒေါ်ဇင်မာနွယ် က ၁၄၅ မဲနဲ့ WCC အရံအလုပ်သမားကိုယ်စားလှယ် (၁) ဒေါ်ခိုင်သဇင်မြင့် က ၁၄၃ မဲနဲ့ WCC အရံအလုပ်သမားကိုယ်စားလှယ် (၂) ...