Skip to main content

WCC အလုပ်သမားကိုယ်စားလှယ်ရွေးကောက်ပွဲနှင့် WCC ဖွဲ့စည်းခြင်း

Asian Just Co., Ltd. အထည်ချုပ်စက်ရုံရဲ့ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (Workplace Coordination Committee - WCC) ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာ အောင်မြင်စွာ ဖွဲ့စည်းလိုက်ပါပြီ။

နိုဝင်ဘာလ ၉ ရက်နေ့မှာပဲ ပြုလုပ်ခဲ့တဲ့ WCC အလုပ်သမားကိုယ်စားလှယ် ရွေးကောက်ပွဲမှာ တက်တက်ကြွကြွမဲပေးခဲ့ကြတဲ့ စက်ရုံဝန်ထမ်းများ (လုပ်ဖော်ကိုင်ဖက်များ) အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း စက်ရုံ၏ စီမံခန့်ခွဲရေးဌာနမှ အသိအမှတ်ပြု ပြောကြားလိုပါတယ်။

Attendance Record အရ ဝန်ထမ်းဦးရေစုစုပေါင်း ၁၃၉၇ ဦးရှိတဲ့အထဲက ၁၃၅၅ ဦး (၉၇%) မဲပေးခဲ့ကြတာကြောင့် အောင်မြင်တဲ့ အလုပ်သမားကိုယ်စားလှယ်ရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။ မဲရလာဒ်တွေအရ -

  • ဦးတေဇာမင်း က ၅၁၂ မဲနဲ့ အမှတ် (၁) WCC အလုပ်သမားကိုယ်စားလှယ်
  • ဒေါ်ချိုသဲဦး က ၂၄၆ မဲနဲ့ အမှတ် (၂) WCC အလုပ်သမားကိုယ်စားလှယ်
  • ဒေါ်ခိုင်ဇင်ဦး က ၁၇၃ မဲနဲ့ အမှတ် (၃) WCC အလုပ်သမားကိုယ်စားလှယ်
  • ဒေါ်ဇင်မာနွယ် က ၁၄၅ မဲနဲ့ WCC အရံအလုပ်သမားကိုယ်စားလှယ် (၁)
  • ဒေါ်ခိုင်သဇင်မြင့် က ၁၄၃ မဲနဲ့ WCC အရံအလုပ်သမားကိုယ်စားလှယ် (၂)
  • ဦးမျိုးမင်းဦး က ၁၃၆ မဲနဲ့ WCC အရံအလုပ်သမားကိုယ်စားလှယ် (၃)

တို့အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။

WCC အလုပ်သမားကိုယ်စားလှယ် ၃ ဦးကို အောင်အောင်မြင်ရွေးချယ်ခဲ့ပြီးနောက် စက်ရုံရဲ့ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို အောက်ပါအတိုင်း အောင်အောင်မြင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ကိုယ်စားလှယ်များ
အလုပ်ရှင် အလုပ်သမား
... ဦးတေဇာမင်း
... ဒေါ်ချိုသဲဦး
... ဒေါ်ခိုင်ဇင်ဦး

Comments

Popular posts from this blog

အာရှသမာဓိအထည်ချုပ်စက်ရုံ မိသားစုတို့၏ စုပေါင်းမဟာဘုံကထိန်အလှူတော်

အာရှသမာဓိအထည်ချုပ်စက်ရုံ (Asian Just Co., Ltd.) မိသားစုတို့၏ စုပေါင်း မဟာဘုံကထိန်အလှူတော်ကို ၁၅-၁၁-၂၀၂၄ ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါတယ်။ အလှူအတန်းဆို လက်မနှေးကြတဲ့ ကုသိုလ်ရေးဆိုလည်း တက်တက်ကြွကြွ ပါဝင်တတ်ကြတဲ့ အာရှသမာဓိအထည်ချုပ်စက်ရုံ ဝန်ထမ်းအားလုံးကို အထူးကျေးဇူးတင် အပ်ပါသည်။